ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
ဝက်စ်ဟမ်း နှင့် စပါး (စနေည ၆း၀၀ နာရီ) ရလဒ်တွေ ဆက်တိုက်ဆိုးခဲ့တဲ့ ၀က်စ်ဟမ်းအသင်း ခြေ နည်းနည်း ပြန်ငြိမ်လာတယ်။ စပါးကလည်း ကစားပုံကောင်းသ လောက်ရလဒ်တွေက အားရစရာမရှိဘူး။ ၀က်စ်ဟမ်းကွင်းမှာ လည်း ခက်ခက်ခဲခဲကစားရမှာ သေချာတယ်။ ဒါပေမဲ့ စပါးအသင်း အနိုင်ရဖို့ များပါတယ်။ ဘန်လေ နှင့် ဟက်ဒါဖီးလ် (စနေည ၈း၃၀ နာရီ) ရာသီအဖွင့်မှာ ခြေစွမ်းပြခဲ့တဲ့ ဟတ်ဒါဖီးလ်က နောက်ပိုင်း ပွဲတွေမှာ နိုင်ပွဲဝေးလာတယ်။ နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက် ခဲ့တာလည်း တွေ့ရတယ်။ ဘန်လေက နောက်ဆုံး (၃)ပွဲမှာ စပါး နဲ့ လီဗာပူးလ်တို့ကို သရေကစားထားပြီး ပဲလေ့စ်ကို အိမ်ကွင်းမှာ နိုင်ခဲ့တယ်။ ဒီပွဲလည်း ဘန်လေပဲနိုင်သွားမှာပါ။ အဲဗာတန် နှင့် ဘုန်းမောက် (စနေည ၈း၃၀ နာရီ) ဘုန်းမောက်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘရိုက်တန်ကို အနိုင်ရခဲ့တယ်။ အဲဗာတန်ကလည်း နောက်ဆုံး (၃)ပွဲဆက် ရှုံးပြီး ဖိအားများနေတဲ့ အနေအထားပါ။ ဒီပွဲမှာသာ နိုင်ပွဲမရှာနိုင်ဘူးဆို ရင် ရော်နယ်လ်ကိုးမင်းရဲ့ အနာဂတ်က မသေချာနိုင်ပါဘူး။ အဲဗာ တန်မဖြစ်မနေ နိုင်ပွဲရှာပါလိမ့်မယ်။ မန်စီးတီး နှင့် ပဲလေ့စ် (စနေည ၈း၃၀ နာရီ) ဂိုးအရမ်းမြူးနေပြီး အကောာင်းဆုံးပုံစံကို ရောက်နေတဲ့မန် စီးတီးက...