မန်စီးတီးဟာ ကျွန်တော်တို့ထက် ဖိအားပိုများတဲ့ အသင်းပါ(ဟာရဲယား)...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မန်ယူကွင်းလယ်လူ ဟာရဲယားကတော့ ယခုနှစ်ပရီးမီးယားလိဂ်၌ ငွေအများဆုံး သုံးခဲ့တဲ့ မြို့ခံပြိုင်ဖက် စီးတီးအသင်းဟာ ဆုဖလားတွေ ရယူဖို့ တာဝန်ပိုများကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
"ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အသင်းဟာ ကွန်မြူမတီဒိုင်း ၊ EFL Cup နဲ့ ယူရိုပါလိဂ်တို့မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စီးတီးကတော့ ဘာဖလားမှ မရခဲ့ပါဘူး၊ အဲ့တာကြောင့် သူတို့အသင်းဟာ ဖိအားအောက်မှာ ရှိနေပါ တယ်။ သူတို့ ဒီနှစ်ဆုဖလားတွေ ရယူဖို့ တာဝန်ရှိနေတာ ကျွန်တော်တို့ထက် ပိုပါတယ်''
"စီးတီးအသင်းဟာ ဒီနှစ် ငွေအများဆုံး သုံးထားတဲ့ အသင်းဖြစ်လို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းအဖြစ် ဦးဆောင်နေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့အသင်းဟာလည်း အရည်အသွေးရှိပါတယ်၊ သူတို့တွေ ဖေးဘရိတ်ဖြစ်နေတာက သုံးထားတဲ့ ငွေကြေးကြောင့်ပါ''
"ခင်ဗျားအနေနဲ့ ငွေများစွာ သုံးထားရင်တော့ ဖိအားဆိုတာက ရှိမှာပါပဲ၊ ဒါပေမယ့် မန်ယူအသင်းဟာလည်း ဖိအားအောက်မှာရှိနေပါတယ်၊ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အသင်းက အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံးအသင်း ဖြစ်နေလို့ပါ'' လို့ ဟာရဲယားမှ ဆိုပါတယ်။

Comments